focus in
# 919225
USD 30.00 (Book Not in Ready Stock, will take 45-60 days to source and dispatch)
- +

စာဆိုတော် ဦးနု၏ ဘင်္ဂလားသွားမှတ်တမ်း

Author :  မောင်သန်းဝင်း (ရန်ကုန်တက္ကသိုလ်)

Product Details

Country
Myanmar
Publisher
ဒေါ်စန်းစန်းဝေ
ISBN 9782004001290
Format PaperBack
Language Myanmarese
Year of Publication 2025
Bib. Info 190p. ; 19x25cm.
Categories Travel Guidebooks
Product Weight 546 gms.
Shipping Charges(USD)

Product Description

စာဆိုတော်ဦးနုသည် ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား(ဗဒုံမင်း) (၁၇၄၅-၁၈၁၉) လက်ထက်တွင် ထင်ရှားခဲ့သော စာဆိုပညာရှိတစ်ဦး ဖြစ်ပြီး ‘ရွှေတောင်သာဂသူ” ဟူသော မင်းပေး ဘွဲ့ ချီးမြှင့်ခံရသည်။ ရမ္မာဝတီ(ရမ်းဗြဲ)မြို့ဝန်၊ အကောက်ဝန်၊ အထောက်တော် အဖြစ်လည်း အမှုထမ်းခဲ့သည်။ စာဆိုတော် ဦးနုသည် ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၆၇ ခု၊ နတ်တော်လဆန်း ၁ဝ ရက်၊ စနေနေ့ (၃၀ နိုဝင်ဘာ ၁၈ဝ၅) တွင် အမရပူရနေပြည်တော်မှ ဘင်္ဂလား သို့ သွားခဲ့သည့် ခရီးသွားအတွေ့အကြုံများနှင့် အတွေးအမြင်များကို အခြေခံကာ ခရီးစဉ်မှတ် လင်္ကာမှတ်တမ်းတစ်စောင် ရေးသားခဲ့သည်။ ၎င်းမှတ်တမ်းသည် မြန်မာ့ခရီးသွားမှတ်တမ်းစာပေ နယ်၌ အစောဆုံး နိုင်ငံခြားသွားမှတ်တမ်းဖြစ်ကာ မဟာစည်သူ ဦးရွဲ၏ ‘ဘင်္ဂလားသွားစာတမ်း’ ထက် ၂၈နှစ်၊ ကင်းဝန်မင်းကြီး၏ ‘လန်ဒန်သွား နေ့စဉ်မှတ်စာတမ်း' ထက် ၆၇ နှစ်၊ ‘ပြင်သစ်နိုင်ငံ သွား နေ့စဉ်မှတ်တမ်း” ထက် ၆၉ နှစ်၊ မြောင်လှမြို့စား မြန်မာသံတော်ဆင့် ဦးခြိမ့်၏ ‘ပူတကေ စပိန် အီတာလျံသွားမှတ်တမ်း' ထက် ၇၂ နှစ် စောသည်ဟု ဆိုကြသည်။ ထိုသို့ သက်တမ်း (၂၂၀) ရှိပြီဖြစ် ပြီး စိတ်ဝင်စားဖွယ်ကောင်းလှသည့် ခရီးသွားမှတ်တမ်းကို ထိုခေတ်ထိုကာလ မြင်ကွင်းများနှင့်အတူ ဤစာအုပ်တွင် ဖတ်ရှုကြရမည် ဖြစ်သည်။

Product added to Cart
Copied